မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်
ငွေကြေးစီမံခန့်ခွဲမှု
အကြောင်းအရာ။ ထောက်ပံ့ကြေးနှင့် ဒေသစရိတ် ခံစားမှုပြုခြင်းကိစ္စ
အမှတ်(၃၀၈/၂၀၁၂)။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ (၂၆-၂၀၁၂) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၅၀/၂၀၁၂)အရ နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် လျှက်ရှိကြသည့် အကြံပေးပုဂ္ဂိုလ်နှင့် ကျွမ်းကျင်သူများ၏ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှိချီးမြှင့်ငွေအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ိ/- (ကျပ်သုံးသောင်းတိတိ)လစဉ် ခံစားခွင့်ပြုလိုက်သည်။
အမှတ်(၃၀၉/၂၀၁၂)။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ (၂၆-၄-၂၀၁၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅၁/၂၀၁၂)အရ လူမှုခက်ခဲသောမြို့နယ်တွင် တာဝန်ထမ်းဆောင် ကြသည့် နေ့စားဝန်ထမ်းများအတွက် လက်ရှိထုတ်ယူရရှိနေသော နေ့တွက်စရိတ် ကျပ်၁၁၀၀ိ/- (ကျပ်တစ်ထောင်တစ်ရာတိတိ)နှင့် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ိ/- (ကျပ်တစ်ထောင်တိတိ) အပြင် ဒေသစရိတ်အဖြစ် ကျပ် ၁၁၀၀ိ/- (ကျပ်တစ်ထောင်တစ်ရာတိတိ)ကို ထပ်မံခံစားခွင့်ပြုလိုက်သည်။
အမှတ်(၃၁၀/၂၀၁၂)။ ဤရုံးအမိန့်စာအရ ဒေသစရိတ် ခံစားခွင့်များကို ၂၀၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ ခံစားခွင့်ရှိစေရမည်။ အကြံပေးပုဂ္ဂိုလ်နှင့် ကျွမ်းကျင်သူများအား ၂၀၁၂ခုနှစ်၊ ဧပြီလအတွက် ပေးရန်ရှိသော ချီးမြှင့်ငွေနှင့်အတူ အပိုထောက်ပံ့ကြေးအား ခံစားခွင့်ရှိစေရမည်။
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းလက်အောက်ရှိ ဌာနဆိုင်ရာလုပ်ငန်းများ စာရင်းစစ် မှတ်ချက်အရ ဌာနဆိုင်ရာငွေများ ပြန်လည်ပေးသွင်းခြင်းကိစ္စ
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းလက်အောက်ရှိ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ မဟာ ဓာတ်အားလိုင်းမှူးရုံးများ၊ စီမံကိန်း ညွှန်ကြားရေးမှူးရုံးများနှင့် စီမံကိန်းမန်နေဂျာရုံးများအား စာရင်းစစ် မှတ်ချက်အရ ဌာနသို့ ပြန်လည်ပေးသွင်းရမည့်ငွေများကို ရုံးချုပ်၏ ဘဏ်ငွေထုတ် စာရင်းအမှတ် SEE-10059 သို့ ပေးသွင်းရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားခဲ့ပါသည်။
ယခုအခါ ဘဏ်ငွေထုတ်စာရင်းအမှတ် SEE-10059 မှ OA-010734(SEE) သို့ ပြောင်းလဲသတ်မှတ် ပြီးဖြစ်ပါ၍ နယ်ရုံးများမှ အကြောင်း အမျိုးမျိုးကြောင့် ရရှိသောငွေများကို နယ်ရုံးများရှိ ဘဏ်ငွေထုတ်စာရင်း OA များသို့ လုံးဝ ပေးသွင်းခြင်းမပြုဘဲ ရုံးချုပ်၏ ဘဏ်ငွေထုတ်စာရင်း OA သို့သာ ပေးသွင်းရန်နှင့် နယ်ရုံးများ ရှိ ဘဏ်ငွေထုတ်စာရင်း OA များသို့ ပေးသွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပါက မိမိ၏ ကိုယ်ပိုင်ငွေမှ စိုက်ထုတ် ၍ ရုံးချုပ်၏ ဘဏ်ငွေထုတ် စာရင်းအမှတ်၊ OA - 010734(SEE) သို့ ပြန်လည်ပေးသွင်းရမည် ဖြစ်ကြောင်း အကြောင်းကြားပါသည်။
အထွေထွေမန်နေဂျာ(ဘဏ္ဍာ)
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
နေပြည်တော်

မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းလက်အောက်ရှိ အရာထမ်း၊ ပြန်တမ်းဝင် အရာရှိများ၏ ၀င်ငွေခွန်တွက်ချက်ရာတွင် နှုတ်ပယ်တွက်ချက်ရန် အချက် အလက်များ အကြောင်းကြားခြင်း
(၁) အထက်အကြောင်းအရာပါကိစ္စ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (၁၀၆/၂၀၁၂)အရ နိုင်ငံဝန်ထမ်းများအနေဖြင့် ပြန်တမ်းဝင်အရာရှိခန့်ထားခံရပြီး ကနဦးလစာ စတင်ခံစားချိန်မှစ၍ ၀င်ငွေခွန်ကို ပေးဆောင်ရမည်ဖြစ်ပါသည်။
(၂) ၀င်ငွေခွန်ပေးဆောင်ရန် စုစုပေါင်းဝင်ငွေမှ သက်သာခွင့်များအဖြစ်
(က) အခြေခံခွင့်ပြုငွေ
(ခ) အခွန်ထမ်း၏ အိမ်ထောင်ဖက်နှင့် သားသမီးများအတွက် ခွင့်ပြုငွေ
(ဂ) အခွန်းထမ်းနှင့် အိမ်ထောက်ဖက်၏ အသက်အာမခံအတွက် ပေးရသော ပရီမီယံ
(ဃ) နည်းဥပဒေများဖြင့် ပြဌာန်းသည့် ငွေစုဆောင်းခြင်း ထည့်ဝင်ငွေ (၀င်ငွေခွန်ဥပဒေ ပုဒ်မ - ၆) ဖြစ်သောလူမှုဖူလုံရေးရန်ပုံငွေသို့ ထည့်ဝင်ငွေတို့ကို နှုတ်ပယ်၍ ကျန်ငွေအပေါ်တွင် အခွန် တွက်ချက်ပြီး စည်းကြပ်ရမည်ဖြစ်ပါသည်။
(၃) မိမိဌာနရှိ အရာထမ်း၊ ပြန်တမ်းဝင် အရာရှိများအတွက် အသက်အာမခံထားရှိသူများနှင့် လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းရသူများ၏ ၀င်ငွေခွန်အားမှီရာလမှစ၍ သက်သာခွင့်နှုတ်ပယ်တွက်ချက်၍ ၀င်ငွေခွန်များ ပေးဆောင်နိုင်ရန် အကြောင်းကြားပါသည်။